International News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်သာလန်နိုင်ငံ၏ စားသုံးသူယုံကြည်မှုအညွှန်းကိန်းကျဆင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် နယ်သာလန်နိုင်ငံ၏ စားသုံးသူယုံကြည်မှု အညွှန်းကိန်း(consumer confidence) သည် ပြီးခဲ့သည့် မတ်လတွင် (-၂) ရှိခဲ့ရာမှ  ဧပြီလတွင် (-၂၂) သို့ ကျဆင်းခဲ့ရာ အကြီးမားဆုံးကျဆင်းမှုဖြစ်ကြောင်း နယ်သာလန်နိုင်ငံ စာရင်းအင်းဌာန Statistics Netherlands အရ သိရှိရကြောင်း၊ စားသုံးသူယုံကြည်မှုညွှန်းကိန်း (-၂၂) မှာ လွန်ခဲ့သည့် ဆယ်စုနှစ် (၂) ခုအတွင်း ပျမ်းမျှရှိခဲ့သည့် (-၅) အောက်သို့ သိသိသာသာကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ နယ်သာ လန်နိုင်ငံ၏ စားသုံးသူယုံကြည်မှုညွှန်းကိန်းသည်  ၂၀၀၀ ခုနှစ်၊ ဇန်နဝါရီလ အတွင်းက (+၃၆) ဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ဖူးပြီး၊ ၂၀၁၃ ခုနှစ်၊ မတ်လတွင် အနိမ့်ဆုံး အဖြစ် (-၄၁) အထိ ကျဆင်းခဲ့ဖူးကြောင်း သိရှိရပါသည်။

စားသုံးသူယုံကြည်မှုနှင့်ဆက်စပ်သည့် စီးပွားရေးဝန်းကျင်အညွှန်းကိန်းမှာလည်း မတ်လတွင် (-၈) ရှိခဲ့ရာမှ ဧပြီလတွင် (-၃၁) သို့ ကျဆင်းခဲ့ကြောင်း၊ စားသုံးသူ များ၏ ဝယ်ယူလိုမှုသည် လည်း မတ်လအတွင်း (+၂) ရှိခဲ့ပြီး၊ ဧပြီလတွင် (-၁၇) သို့ကျဆင်းခဲ့ကြောင်း၊ လာမည့် (၁၂) လအတွင်း၌ အလုပ်လက်မဲ့ဖြစ်မှု မြှင့်တက် လာမည်ဟု စစ်တမ်းကောက်ယူမှု၏ (၈၅) ရာခိုင်နှုန်းက မျှော်လင့်ထားကြပြီး၊ (၈) ရာခိုင်နှုန်းကသာ အလုပ်လက်မဲ့နှုန်းကျဆင်းမည်ဟုမျှော်လင့်ထားကြောင်း နယ်သာလန် တိုင်းမ်၏ ၂၂-၄-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

 

(မြန်မာစီးရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (နယ်သာလန်တိုင်းမ်)

Category: International News